Pages

Saturday, April 23, 2011

ARP Cache ဘာကြောင့်ဘာအတွက်

ARP (Address Resolution Protocol) ဘယ်လို အလုပ် လုပ်လဲ Cache ကိုဘယ်လိုသိမ်းလို့ ဘယ်လို သုံးလို့ရလဲ


Networking မှာ ARP ကိုကြားဖူး ပြီးသားလို့ ထင်ပါတယ် ..
အသုံးချဖို့ အတွက် လေ့လာ ကြည့်တာပါ ..


ARP ဆိုတာ
ARP ဆိုတာ IP Networking မှာ အရေးကြီးတဲ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်
ARP ကို OSI Layer 3 ( Network ) နဲ့ Layer 2 ( Data-Link ) တို့ ချိတ်ဆက်ဖို့ သုံးပါတယ်
(ဆိုလိုတာကတော့ ကျနော်တို့ ရဲ့ IP Addressing နဲ့ Ethernet Addressing ( MAC ) ချိတ်ဖို့ပါ)
ဘယ် Device မဆို Network ကိုချိတ်ဖို့ အတွက် Ethernet MAC Address တစ်ခု ရှိပါတယ်
အကယ်လို့ Device တွေက LAN ထဲ မှာ မဟုတ်ခဲ့ဘူး ဆိုရင် ကိုယ်ရဲ့ Gateway (Router) ရဲ့ MAC နဲ့ ဆက်သွယ်ပြီး အလုပ်လုပ် ပေးပါတယ်




ARP Cache ဆိုတာ
ARP မှာ entries နှစ်မျိုး ရှိပါတယ် Static နဲ့ Dynamic ပါ
အများသော အားဖြင့် Dynamic Entry ကိုပဲ တွေရ မှာပါ
ARP Entries ဆိုတာ က Ethernet Address ကနေ IP Address ဆက်သွယ် ချက်တွေကို Device တွေ ကမှတ်ထားတာပါ..အဲ့ဒီ Entries တွေကို Device တွေ ချိတ်ဆက် နေသရွေ သိမ်းထားကြပါတယ်


အဲ့ဒီ Dynamic Entry ကို ဘယ်လို ဖန်တည်းသွားတာလဲဆိုတော့ ARP ဆိုတဲ Protocol က လုပ်သွားတာပါ
ဥပမာ ဆိုကြပါစို့ ကျနော်တို့ PC ကနေ www.google.com ကို ဆက်သွယ် ချင်တယ် ဆိုရင် အရင်ဆုံး www.google.com ကို DNS ကနေ IP အရင် ရှာပါတယ်
www.l.google.com [216.239.61.104] ဆိုတဲ IP ရသွားပြီဆိုရင် စပြီး PC က IP Addressing ကနေ Ethernet Addressing ကို အရင်ဆုံး ရှာရပါတယ်
အဲ့ဒီမှာ ARP Protocol က အဲ့ဒီ IP ဘယ်သူ့စီမှာ ရှိလဲ , MAC ကဘာလဲ လို့ မေးပြီး အလုပ်လုပ်ပါတယ်
အဲ့ဒီတော့ မှ www.l.google.com [216.239.61.104] Server က သူ့မှာ အဲ့ဒီ IP ရှိတယ် , MAC က 1111.2222.3333 ပါဆိုပြီး ပြန်ဖြေပြီး အချင်းချင်း ချိတ်ဆက် မူရသွားပါတယ်
ဒီတော့မှ PC က အဲ့ဒီ Entry ကို PC ရဲ့ ARP Cache မှာ သိမ်းထားလိုက်ပြီး တော့ ဆက် အလုပ်လုပ်ပါတယ်
နောက်ဆုံး ချိတ်ဆက်မူ မရှိတော့ဘူး ဆိုမှ Cache ကနေဖျတ်လိုက်ပါတယ် ..
ဒီနေရာမှာ Router က LAN နဲ့ WAN ကို ဆက်သွယ်ပေး ထားတယ်ဆိုရင် Router က PC ကိုယ်စား အဲ့ဒီ အလုပ် ကိုလုပ်ပေးပါတယ် ..
ကိုယ်ရဲ့ PC ကနေ သွားချင်တဲ Device တွေဆီကို ချိတ်ဆက်ဖို့ ကြားမှာ Router တွေ အများကြီး ဖြတ်ရပါတယ်
MS OS မှာ tracert နဲ့ ဘယ် Router တွေကို ဖြတ်သွား ရလည်း ဆိုတာ ကြည့် ရင်သိနိုင်ပါတယ်
အဲ့ဒီမှာ Router တွေက ကြားခံ အဖြစ် ARP တွေ လုပ်ပေး ပြီး Router ARP Cache မှာ သိမ်းပေး ထားပါတယ်
ဒီတော့ PC ကနေ ကြည့်ရင် Router ရဲ့ MAC တွေကို မြင်ရပါတယ် MS မှာ arp –a နဲ့ ကြည့်လို့ရပါတယ်
ဆက်သွယ်လို့ မရတဲ Entries တွေက Request Time Out ဖြစ်သွားပါတယ်
Cache ကို clear လုပ်ဖို့ arp -d * နဲ့လုပ်လို့ရပါတယ်
အောက်ကပုံ လေးမှာ ပြထားပါတယ်



Router ကနေ Device တွေကို ဆက်သွယ် တာကလဲ PC တွေနဲ့ အတူတူပါပဲ ...
Cisco IOS Router မှာ show arp command နဲ့ Cache Entries ကို ကြည့်လို့ရပါတယ်
ဆက်သွယ်လို့ မရ တဲ Entry တွေကို ပြန်ကြိုးစားဖို့ clear arp command နဲ့ ရှင်းလို့ ရပါတယ်
Device တွေကို Migrate လုပ်တာပဲ ဖြစ်ဖြစ် လဲလိုက် လို့ပဲ ဖြစ်ဖြစ် ဒီလို ပြဿနာ မျိုးတွေ ဆို ရင် clear လုပ်ပေးပြီး ပြန်ရှာ ခိုင်းရပါတယ်







Switch တွေမှာ လဲ ကိုယ်ပိုင် Entries Cache တွေ ရှိပါတယ် ..
နဲနဲ ထူးခြားတာ က Switch တွေရဲ့ Entries တွေ က ဘယ် port မှာ ဘယ် MAC လာ ချိတ်ထားလဲ ဆိုတာ ကိုပဲ မှတ်ထားတာပါ .. Switch ရဲ့ MAC နဲ့ ချိတ်ဆက်ပြီး အလုပ် မလုပ် ပါဘူး .
Switch Management လုပ်ဖို့ သုံးတဲ Ethernet မှာပဲ Switch ရဲ့ MAC နဲ့ IP အလုပ် လုပ်ပါတယ် ..
နောက်တစ်ခု က Switch တွေမှာ Inverse ARP protocol ဆိုတာ ပါလာပါတယ် ..
Inverse ARP က ARP ရဲ့ ပြောင်းပြန် အလုပ်လုပ်ပေး ပါတယ် .. MAC Addressing ရှိပြီး IP Addressing ကိုပြန်ရှာ ပေးပါတယ် ..
Cisco IOS Switch တွေမှာ show mac-address-table command နဲ့ ကြည့်လို့ ရပါတယ် ..
ရှင်းရင်လဲ clear mac-address-table dynamic command နဲ့ ရှင်းလို့ ရပါတယ် ..
အဲ့ဒီ လို Switch မှာ Cache တွေကို ရှင်းလိုက်ရင် ချိတ်ထားတဲ Port တွေ အားလုံး Connection ပျက်သွားမယ် ဆိုတာ သတိထား ရပါမယ်


ARP Cache စစ်တာတွေကို ဘယ်လို နေရာ မှာသုံး ရမလဲဆိုရင်


ကိုယ်ရဲ့ Network မှာ ကိုယ်မသိ ဒဲ့ Device တစ်ခုခု က IP တစ်ခုထဲ ကို မှားပေးထားတယ် ဆိုရင် IP conflict ဖြစ်ပြီး Intermittent Connection ( Connection ရလိုက် မရလိုက်) , Reply ရလိုက် RTO ဖြစ်လိုက် ပြဿနာ ဖြစ်လာနိုင်ပါတယ် ..
Device တွေဖြစ်တဲ အတွက် Error Message ပေးဖို့ နဲနဲ ခတ်ခဲ တတ်ပါတယ် ..
ဒီနေရာ မှာ ကိုယ်က Ping Test လုပ်ပြီး arp Cache entries ကြည့်ရုံ နဲ့ IP conflict ဘယ် MAC နဲ့ ဘယ် MAC ဖြစ်နေတယ် ဆိုတာ သိနိုင်ပြီး အမြန်ဆုံး ရှင်းနိုင်ပါမှာပါ


ကျနော် ဒီ အကြောင်းလေးကို Networking အလုပ် လုပ်ရင် သိထားပြီး ဖြေရှင်း နိုင်ဖို့ ရေးဖြစ် လိုက်တာပါ
ကျွမ်းကျင် လွန်းလို့ ရေးတာ မဟုတ်သလို မှားတာ ရှိရင် ပြင်စဉ် ပေးဖို့ လည်း တောင်းဆိုပါတယ်


ဒီအကြောင်း တွေကို ဒီကနေ သင်ယူ ခဲ့တာပါ
• ARP is what maps OSI Layer 2 addresses to Layer 3 addresses. In other words, ARP maps IP addresses to Ethernet MAC Addresses.
• Inverse ARP is used to map MAC addresses to IP addresses.
• How important ARP is to communicating on an IP network.
• How you can use the arp command in Windows, and the show arp and clear arp commands in the Cisco IOS, to help view and troubleshoot the ARP cache.
ကိုးကား ချက်တွေ ရေးပုံရေး နည်းတွေ ကို Technical Website တွေကနေ ယူခဲ့ပါတယ်  ..


source > http://forum.mmitd.com/profiles/blogs/arp-chache ( ko Doraemon )





0 comments: