Pages

Saturday, April 23, 2011

Wireless

ကျွန်တော်တို့ လက်ရှိဖြေရှင်းရတဲ့ပြဿနာက Wireless ပစ္စည်းတစ်ခုကို လာမေးတဲ့အခါ ဒါဘယ်လောက် ဝေးဝေးသွားသလဲ၊ အုတ်နံရံဘယ်နှစ်ချပ် ဖေါက်သလဲ၊ အသုံးပြုသူတွေက ဒါပဲသိချင်ကြတာပါ။ ကိုယ်ကလဲ ဒါကဖြင့် ဘယ်နှစ်မီတာသွားပါတယ်ပြောလိုက်ပြန်ရင်လည်း သူတို့နေရာက ဘယ်လိုမှန်းမသိ။ နံရံကလဲ ဘယ်လောက်ထူမှန်းမသိ၊ တောင်ကုန်းလား၊ ချိုင့်ဝှမ်းအောက်ထဲလား အဲသည်လို မေးခွန်းတွေ ပြန်မေးပြန်ရင်လည်း တချို့လူတွေက မကြိုက်ဘူးဗျ။ ကိုယ်တွေကိုပဲ မယုံသလိုလို အင်တင်တင်လုပ်ပြီး ဒါကတော့ ဘယ်လောက်မိတယ်ဗျာ ဆိုပြီး ဟုတ်ဟုတ်မဟုတ်ဟုတ် အာမခံပေးလိုက်တဲ့ နေရာတွေဆီသာ သွားကြတဲ့ လူတွေလဲ ရှိပါရဲ့။ တချို့ဆိုရင် built-in 2dbi antenna လေးနဲ့ SOHO router အလွန်ဆုံး output power က 200mili-watt လောက်ပဲထွက်မယ့်ဟာကို မီတာ 500 ပတ်လည်မိတယ်ဆိုပြီး ပြောတာမျိုးနဲ့တောင် တိုးသေးတာကိုးဗျ။
တချို့ကတွေးတယ် external antenna အကြီးသာ တပ်လိုက်မယ်ဆိုရင် နဂိုထက် signal ပိုကောင်းလာမယ်ပေါ့။ မှန်တယ်လို့ပြောမရသလို မှားတယ်တော့လဲ ဒုံးတိ ပြောလိုက်လို့ မရပြန်ဘူးဗျ။ Antenna ရဲ့ dbi ကိုကြည့်ရမယ်။ Wireless Router ဒါမှမဟုတ် Access Point ရဲ့ output power ကိုကြည့်ဖို့လိုဦးမယ်ဗျ။ တခါကတွေ့ဖူးတယ် Router ပိစိကွေးလေးကနေ External Antenna အရှည်ကြီး ထုတ်ထားတာ၊ ပုံက စာကလေးအမြှောက်နဲ့ချိန်မဟုတ်ပဲ၊ စာကလေး အမြှောက်ထမ်းထားခိုင်းသလိုဖြစ်နေတာပေါ့ဗျာ။
လက်ရှိဈေးကွက်ထဲမှာ အသုံးများနေတဲ့ Outdoor Wifi Access Point တွေမှာ များသောအားဖြင့် 600mw ထွက်တဲ့အတွက် Signal အားပြင်းသလို Antenna အကြီးတွေကိုလည်း ထောက်ကူပေးနိုင်ပါတယ်။ အစပိုင်းကပြောခဲ့တဲ့ ဘယ်လောက်ဝေးဝေးမိသလဲဆိုတာက ဘယ်နေရာမှာဆင်ထားသလဲ ဆိုတာပေါ်မှာ အများကြီးမူတည်ပါတယ်။ ပတ်ပတ်လည်မိစေချင်ရင် Omni Antenna ကိုသုံး၊ တခြမ်း သို့မဟုတ် မျက်နှာမူရာ အရပ်တစ်ခုကိုသာ သွားစေချင်တယ်ဆိုရင် Directional Antenna တွေကို သုံးရမှာပေါ့။ Antenna ကြိုး တပ်ဆင်ထားပုံနဲ့၊ ကြိုးရဲ့ အတိုအရှည်ပေါ်မှာလဲ အနည်းငယ် သက်ရောက်မှု ရှိနေပါသေးတယ်။ Antenna ကြိုးရှည်လေ Signal Loss ဖြစ်နိုင်ချေများလေပေါ့ဗျာ။
မော်ကျားမော်၊စိမ်းကျားပြာ၊ပြာကျားစိမ်း၊ညိုကျားညို၊ ဒါမှမဟုတ် ဖြူမော်မော်၊ဖြူစိမ်းပြာ၊ဖြူပြာစိမ်း၊ဖြူညိုညို ကိုယ်သန်သလို ကိုယ်ရွတ်ပြီးမှတ်ထားကြတဲ့ Twisted Pair တွေကနေတဆင့် သုံးနိုင်တဲ့ PoE (Power over Ethernet) ဆိုတဲ့ဟာလေးကြောင့် Outdoor Devices တွေအတွက် ပါဝါပေးဖို့ကို ခေါင်းစားစရာ သိပ်မရှိတော့ပါဘူး။ Network ကြိုးပေါ်မှာပဲ power ရော data ပါ တခါထည်း ရောကြိတ်ထည့်လိုက်တဲ့အတွက် မီတာ ၁၀၀ လောက်အတွင်း ပါဝါကို ထောက်ပံ့ပေးနိုင်ပါရဲ့။ တခုရှိတာက 1,3,2,6 ကြိုးတွေမှာ data သွားပြီး 7,8 မှာ power သွားတာမို့လို့ ကြိုးကိုမှားမကိုက်မိဖို့ပါပဲ။ လွယ်ပါတယ်နော့။
WiFi Devices တွေကို ချိတ်ဆက်ဖို့ရာမှာ အရေးကြီးတာက Line of Sight လို့ဆိုတဲ့ လှမ်းမြင်နေရတဲ့အနေအထား ရှိနေဖို့ပဲဗျ။ Outdoor တွေကိုပြောပါတယ်။ ဟိုဘက်သည်ဘယ် Point to Point ထိုးတော့မယ်ဆိုရင် ကြားထဲမှာ ဘာတွေခံနေမလဲဆိုတာ သတိထားပြီး ရှောင်ရှားဖို့လိုပါမယ်။ သစ်ပင်၊ ရေအိုင်၊ မှန်ချပ် စတာတို့ဟာ မထင်ရပေမယ့် WiFi Signal တွေကို အနှောင့်အယှက်ပေးနိုင်တဲ့အထဲမှာ ရှေ့နားက ပါဝင်နေပါတယ်၊ ကိုယ်တွေ့ဗျနော်။ Line of Sight တော့ရှိပါရဲ့ Freshnel Zone ကျဉ်းနေရင် လိုသလောက် Signal မရောက်တာမျိုးနဲ့ ကြုံတွေ့နိုင်ပါသေးတယ်။ Freshnel Zone ဆိုတာက Antenna ကနေ signal စထွက်တဲ့နေရာ အကျယ်အ၀န်းကိုပြောတာဖြစ်ပါတယ်။ သည်ဖက်လည်း ၁၀ ထပ်တိုက်၊ ဟိုဖက်လည်း ၁၀ ထပ်တိုက် ကြားထဲမှာဘာမှလဲမခံဘူး၊ Antenna ကလဲ အားအပြင်းသုံးထားပါရဲ့နဲ့ signal ကထင်သလောက်မကောင်းဘူး၊ ဘာကြောင့်လဲဆိုတော့ ပြူတင်းပေါက် အတွင်းဖက်ကနေ လှမ်းထိုးထားတာဆိုတော့ အပြင်ကိုထွက်တဲ့ signal က ပြူတင်းပေါက်မှာတင် အတော်များများ စစ်ချခံလိုက်ရပြီ ဆိုတာကို သဘောပေါက်မိဖို့လိုပါတယ်။
ကျွန်တော် ဒီမှာ Wireless Technology အကြောင်း မပြောထားပါဘူး။ မရလို့ (အဲလေ) WiFi Technology တွေအကြောင်းက နေရာတော်တော်များများမှာ ရှာတွေ့နိုင်တဲ့အတွက်ရော။ 802.11a/b/g/n စတာတွေကို လူအတော်များများက ရင်းနှီးပြီးသားဖြစ်တာကြောင့်ရောပါ။ တခုရှိတာက n router တွေကိစ္စဗျ။ တချို့က n router ဆိုပြီး 300mbps မရပါလားပေါ့။ ဘယ်ဟုတ်မလဲ draft n ဖြစ်နေတာကိုး။ သူက 150mbps ပဲရပါတယ်။ သေချာမေးသင့်ပါတယ်။ g ဆိုရင် 54 mbps ရပြီး super g mode နဲ့သုံးရင် 108mbps အထိရနိုင်ပါတယ်။ တစ်ခုသတိထားဖို့လိုတာက Internet Connection Sharing သုံးဖို့ပဲဆိုရင်တော့ n router နဲ့ g router က ဘာမှသိသာစွာ ကွာမှာမဟုတ်ပါဘူး။ ဟား.. n router ကြီးသုံးလိုက်လို့ ကျုပ်တို့ အင်တာနက်ကြီးကဖြင့် သိပ်မြန်သွားတာပဲ ရယ်လို့ ကျွန်တော်ဖြင့် မကြားဖူးပေါင်။ ကျွန်တော်တို့ရဲ့ Internet က စက်တစ်လုံးထဲ ထိုးသုံးရင်တောင် ဘယ်လောက်မြန်တာမို့လို့ နော်။ အဲဒါက သက်သက်မို့လို့ ထပ်မပြောတော့ဘူး ဟဲဟဲ။ n router တွေကို တကယ်လိုအပ်တဲ့သူတွေက wireless နဲ့ lan ချိတ်ပြီး ဂိမ်းဆော့ချင်တဲ့သူတွေ၊ files & resources sharing လုပ်ချင်တဲ့လူတွေ၊ တနည်းပြောရရင် Wireless Connection ပေါ်မှာ Data မြန်မြန်နဲ့ များများ သွားချင်တဲ့သူတွေအတွက်ပေါ့ဗျာ။
Ubiquliti ( hardware ) ( Wifi ) 15 klm
source: mmgenius
ဆက်လက်ဖတ်ရှုရန်..

ARP Cache ဘာကြောင့်ဘာအတွက်

ARP (Address Resolution Protocol) ဘယ်လို အလုပ် လုပ်လဲ Cache ကိုဘယ်လိုသိမ်းလို့ ဘယ်လို သုံးလို့ရလဲ


Networking မှာ ARP ကိုကြားဖူး ပြီးသားလို့ ထင်ပါတယ် ..
အသုံးချဖို့ အတွက် လေ့လာ ကြည့်တာပါ ..


ARP ဆိုတာ
ARP ဆိုတာ IP Networking မှာ အရေးကြီးတဲ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်
ARP ကို OSI Layer 3 ( Network ) နဲ့ Layer 2 ( Data-Link ) တို့ ချိတ်ဆက်ဖို့ သုံးပါတယ်
(ဆိုလိုတာကတော့ ကျနော်တို့ ရဲ့ IP Addressing နဲ့ Ethernet Addressing ( MAC ) ချိတ်ဖို့ပါ)
ဘယ် Device မဆို Network ကိုချိတ်ဖို့ အတွက် Ethernet MAC Address တစ်ခု ရှိပါတယ်
အကယ်လို့ Device တွေက LAN ထဲ မှာ မဟုတ်ခဲ့ဘူး ဆိုရင် ကိုယ်ရဲ့ Gateway (Router) ရဲ့ MAC နဲ့ ဆက်သွယ်ပြီး အလုပ်လုပ် ပေးပါတယ်




ARP Cache ဆိုတာ
ARP မှာ entries နှစ်မျိုး ရှိပါတယ် Static နဲ့ Dynamic ပါ
အများသော အားဖြင့် Dynamic Entry ကိုပဲ တွေရ မှာပါ
ARP Entries ဆိုတာ က Ethernet Address ကနေ IP Address ဆက်သွယ် ချက်တွေကို Device တွေ ကမှတ်ထားတာပါ..အဲ့ဒီ Entries တွေကို Device တွေ ချိတ်ဆက် နေသရွေ သိမ်းထားကြပါတယ်


အဲ့ဒီ Dynamic Entry ကို ဘယ်လို ဖန်တည်းသွားတာလဲဆိုတော့ ARP ဆိုတဲ Protocol က လုပ်သွားတာပါ
ဥပမာ ဆိုကြပါစို့ ကျနော်တို့ PC ကနေ www.google.com ကို ဆက်သွယ် ချင်တယ် ဆိုရင် အရင်ဆုံး www.google.com ကို DNS ကနေ IP အရင် ရှာပါတယ်
www.l.google.com [216.239.61.104] ဆိုတဲ IP ရသွားပြီဆိုရင် စပြီး PC က IP Addressing ကနေ Ethernet Addressing ကို အရင်ဆုံး ရှာရပါတယ်
အဲ့ဒီမှာ ARP Protocol က အဲ့ဒီ IP ဘယ်သူ့စီမှာ ရှိလဲ , MAC ကဘာလဲ လို့ မေးပြီး အလုပ်လုပ်ပါတယ်
အဲ့ဒီတော့ မှ www.l.google.com [216.239.61.104] Server က သူ့မှာ အဲ့ဒီ IP ရှိတယ် , MAC က 1111.2222.3333 ပါဆိုပြီး ပြန်ဖြေပြီး အချင်းချင်း ချိတ်ဆက် မူရသွားပါတယ်
ဒီတော့မှ PC က အဲ့ဒီ Entry ကို PC ရဲ့ ARP Cache မှာ သိမ်းထားလိုက်ပြီး တော့ ဆက် အလုပ်လုပ်ပါတယ်
နောက်ဆုံး ချိတ်ဆက်မူ မရှိတော့ဘူး ဆိုမှ Cache ကနေဖျတ်လိုက်ပါတယ် ..
ဒီနေရာမှာ Router က LAN နဲ့ WAN ကို ဆက်သွယ်ပေး ထားတယ်ဆိုရင် Router က PC ကိုယ်စား အဲ့ဒီ အလုပ် ကိုလုပ်ပေးပါတယ် ..
ကိုယ်ရဲ့ PC ကနေ သွားချင်တဲ Device တွေဆီကို ချိတ်ဆက်ဖို့ ကြားမှာ Router တွေ အများကြီး ဖြတ်ရပါတယ်
MS OS မှာ tracert နဲ့ ဘယ် Router တွေကို ဖြတ်သွား ရလည်း ဆိုတာ ကြည့် ရင်သိနိုင်ပါတယ်
အဲ့ဒီမှာ Router တွေက ကြားခံ အဖြစ် ARP တွေ လုပ်ပေး ပြီး Router ARP Cache မှာ သိမ်းပေး ထားပါတယ်
ဒီတော့ PC ကနေ ကြည့်ရင် Router ရဲ့ MAC တွေကို မြင်ရပါတယ် MS မှာ arp –a နဲ့ ကြည့်လို့ရပါတယ်
ဆက်သွယ်လို့ မရတဲ Entries တွေက Request Time Out ဖြစ်သွားပါတယ်
Cache ကို clear လုပ်ဖို့ arp -d * နဲ့လုပ်လို့ရပါတယ်
အောက်ကပုံ လေးမှာ ပြထားပါတယ်



Router ကနေ Device တွေကို ဆက်သွယ် တာကလဲ PC တွေနဲ့ အတူတူပါပဲ ...
Cisco IOS Router မှာ show arp command နဲ့ Cache Entries ကို ကြည့်လို့ရပါတယ်
ဆက်သွယ်လို့ မရ တဲ Entry တွေကို ပြန်ကြိုးစားဖို့ clear arp command နဲ့ ရှင်းလို့ ရပါတယ်
Device တွေကို Migrate လုပ်တာပဲ ဖြစ်ဖြစ် လဲလိုက် လို့ပဲ ဖြစ်ဖြစ် ဒီလို ပြဿနာ မျိုးတွေ ဆို ရင် clear လုပ်ပေးပြီး ပြန်ရှာ ခိုင်းရပါတယ်







Switch တွေမှာ လဲ ကိုယ်ပိုင် Entries Cache တွေ ရှိပါတယ် ..
နဲနဲ ထူးခြားတာ က Switch တွေရဲ့ Entries တွေ က ဘယ် port မှာ ဘယ် MAC လာ ချိတ်ထားလဲ ဆိုတာ ကိုပဲ မှတ်ထားတာပါ .. Switch ရဲ့ MAC နဲ့ ချိတ်ဆက်ပြီး အလုပ် မလုပ် ပါဘူး .
Switch Management လုပ်ဖို့ သုံးတဲ Ethernet မှာပဲ Switch ရဲ့ MAC နဲ့ IP အလုပ် လုပ်ပါတယ် ..
နောက်တစ်ခု က Switch တွေမှာ Inverse ARP protocol ဆိုတာ ပါလာပါတယ် ..
Inverse ARP က ARP ရဲ့ ပြောင်းပြန် အလုပ်လုပ်ပေး ပါတယ် .. MAC Addressing ရှိပြီး IP Addressing ကိုပြန်ရှာ ပေးပါတယ် ..
Cisco IOS Switch တွေမှာ show mac-address-table command နဲ့ ကြည့်လို့ ရပါတယ် ..
ရှင်းရင်လဲ clear mac-address-table dynamic command နဲ့ ရှင်းလို့ ရပါတယ် ..
အဲ့ဒီ လို Switch မှာ Cache တွေကို ရှင်းလိုက်ရင် ချိတ်ထားတဲ Port တွေ အားလုံး Connection ပျက်သွားမယ် ဆိုတာ သတိထား ရပါမယ်


ARP Cache စစ်တာတွေကို ဘယ်လို နေရာ မှာသုံး ရမလဲဆိုရင်


ကိုယ်ရဲ့ Network မှာ ကိုယ်မသိ ဒဲ့ Device တစ်ခုခု က IP တစ်ခုထဲ ကို မှားပေးထားတယ် ဆိုရင် IP conflict ဖြစ်ပြီး Intermittent Connection ( Connection ရလိုက် မရလိုက်) , Reply ရလိုက် RTO ဖြစ်လိုက် ပြဿနာ ဖြစ်လာနိုင်ပါတယ် ..
Device တွေဖြစ်တဲ အတွက် Error Message ပေးဖို့ နဲနဲ ခတ်ခဲ တတ်ပါတယ် ..
ဒီနေရာ မှာ ကိုယ်က Ping Test လုပ်ပြီး arp Cache entries ကြည့်ရုံ နဲ့ IP conflict ဘယ် MAC နဲ့ ဘယ် MAC ဖြစ်နေတယ် ဆိုတာ သိနိုင်ပြီး အမြန်ဆုံး ရှင်းနိုင်ပါမှာပါ


ကျနော် ဒီ အကြောင်းလေးကို Networking အလုပ် လုပ်ရင် သိထားပြီး ဖြေရှင်း နိုင်ဖို့ ရေးဖြစ် လိုက်တာပါ
ကျွမ်းကျင် လွန်းလို့ ရေးတာ မဟုတ်သလို မှားတာ ရှိရင် ပြင်စဉ် ပေးဖို့ လည်း တောင်းဆိုပါတယ်


ဒီအကြောင်း တွေကို ဒီကနေ သင်ယူ ခဲ့တာပါ
• ARP is what maps OSI Layer 2 addresses to Layer 3 addresses. In other words, ARP maps IP addresses to Ethernet MAC Addresses.
• Inverse ARP is used to map MAC addresses to IP addresses.
• How important ARP is to communicating on an IP network.
• How you can use the arp command in Windows, and the show arp and clear arp commands in the Cisco IOS, to help view and troubleshoot the ARP cache.
ကိုးကား ချက်တွေ ရေးပုံရေး နည်းတွေ ကို Technical Website တွေကနေ ယူခဲ့ပါတယ်  ..


source > http://forum.mmitd.com/profiles/blogs/arp-chache ( ko Doraemon )





ဆက်လက်ဖတ်ရှုရန်..